မနေ့ကရေးခဲ့တာကတော့ Windows 10 ကို Active လုပ်မလဲလို့ ရေးခဲ့ပြီးပြီဆိုတော့ ဒီနေ့တော့ ကျွန်တော် ရေးသွားမှာက Microsoft Office နဲ့ Office 365 ကို ဘယ်လို Active လုပ်ရမလဲဆိုတာပါပဲ။ ဘာ Software မှမသုံးပါပဲ command File တစ်ခုတည်းနဲ့လုပ်သွားမှာပဲဖြစ်ပါတယ်။ အကယ်လို့သာ Manual လုပ်ချင်ရင်လဲ အဆင်ပြေမှာပဲဖြစ်ပါတယ်။ နည်းလမ်းနှစ်ခုလုံးကိုတော့ ပြောပြပေးသွားပါ့မယ်။
Windows တွေတင်ပြီးကြပြီဆိုရင်တော့ ကျွန်တော်တို့ Office တစ်ခုခုလဲ သုံးကြမှာပါ။ ကျွန်တော့အနေနဲ့ကတော့ Office 2019 ကို သုံးရတာ ကြိုက်သလို Office 365 သုံးရတာကိုလဲ သဘောကျပါတယ်။ အရင်ဆုံးလိုအပ်တာတွေ Download လုပ်ဖို့တော့လိုအပ်ပါလိမ့်မယ်။
Microsoft Office Professional Plus
2019 (32&64bit | 2016 (32bit) | 2016 (64bit) | 2013 (32bit) | 2013 (64bit) | 2010 (32bit) | 2010 (64bit)
Microsoft Project/Visio Professional
Project 2016 | Visio 2016 | Project 2019 | Visio 2019
Office 365
Office 365 (Need Internet)
ကျွန်တော်စမ်းကြည့်ရသလောက်ကတော့ Office 365 နဲ့ Office 2019 မှာအဆင်ပြေသလောက်ရှိပါတယ်။ microsoft ကဆွဲထားတာမှမဟုတ်ဘူးဆိုရင်တော့ Pre-Activate ဖြစ်ဖို့များနိုင်ပါတယ်။ အင်တာနက်အဆင်မပြေလို့မစမ်းပေးတော့ပါဘူး။ ကဲ ကျွန်တော်တို့ Office တွေလဲရှိပြီ Installation တွေလဲ သွင်းပြီသွားပြီဆိုရင်တော့ …
Method-1
- command prompt ကို administrator mode ဖြင့်ဖွင့်ရပါမယ်။
Windows Key ကိုနှိပ်ပြီး cmd လို့ရိုက်ထည့်လိုက်ရင်တော့ Command Prompt ကို ပေါ်လာမှာဖြစ်ပြီး ပေါ်လာတဲ့ Command Prompt ကို Right Click လုပ်ပြီး Run as Administorator လုပ်လို့အဆင်ပြေသလို ဒီတိုင်း Right Click မနှိပ်ပါပဲလဲ ဖွင့်လို့ရပါတယ်။

- PC ထဲမှာရှိတဲ့ Office ရဲ့ Location ကို ဖွင့်ပေးရမှာပဲဖြစ်ပါတယ်။
ကိုယ်သွင်းထားတဲ့ Windows OS ရဲ့ architecture အလိုက် location တွေပြောင်းလဲနိုင်တဲ့အတွက် အောက်က Command တွေထဲက တစ်ကြောင်းပြီး တစ်ကြောင်းစမ်းကြည့်လို့ရပါတယ်။ 64bit ကို အသုံးပြုထားတဲ့ OS ဆိုရင်တော့ အောက်က အကြောင်းနဲ့အဆင်ပြေပါတယ်။

- retail license မှ volume one လို့ပြောင်းပေးရပါမယ်။
အကယ်၍သာ ကိုယ့်ရဲ့ Office က Office ရဲ့ Offical Website ကနေသွင်းထားတာဆိုရင်တော့ ဒီအဆင့်က လိုအပ်ပါတယ်။ အောက်က command line ကို command prompt ထဲကို ရိုက်ပြီး process ကို ဆက်လက် လုပ်ဆောင်သွားရမှာပါ။

- KMS client key ကိုအသုံးပြုပြီး Office ကို Activate လုပ်ပေးရမှာပဲဖြစ်ပါတယ်။
အင်တာနက် ကွန်နက်ရှင်နဲ့ ချိတ်ဆက်ထားဖို့အတွက်ကတော့ လိုအပ်ပါတယ်။ ဒါမှလဲ Client Key က ပြောင်းလဲတဲ့အဆင့်ကို ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။

ဒီလောက်ဆိုရင်တော့ Office ကို ဖွင့်ကြည့်လိုက်ရင် Activated ဖြစ်သွားပြီပဲဖြစ်ပါတယ်။

Method-2
အပေါ်မှာ နည်းလမ်း - ၁ ကိုလုပ်ဖို့အတွက် ပျင်းတဲ့လူတွေအတွက်ကတော့ .cmd file လေးကို Run လိုက်ရင် အပေါ်က အတိုင်းပဲဖြစ်မှာပါ။ သူ့ကို လုပ်ဖို့နည်းလမ်းကတော့ …
ပထမဦးဆုံး Antivirus ကိုပိတ်ထားဖို့တော့လိုအပ်ပါတယ်။ Windows Defender ကိုဖွင့်ထားလဲ ခဏပိတ်ထားလိုက်ပါ။ kms server ကို ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့် သူက Virus ဆိုပြီး ပေါ်နေတတ်ပါတယ်။ အောက်မှာတော့ ဘယ်လို Alert ပြတတ်လဲဆိုတာကို ပြထားတာပါ။

Notepad ကိုဖွင့်လိုက်ပါ ပြီးရင်အောက်က code တွေကို အကုန်ကူးယူလိုက်ပါ။
ကူးယူခဲ့ပြီးသား code တွေကိုတော့ notepad ထဲမှာ paste ပြန်လုပ်ပြီး File type မှာ .cmd နဲ့သိမ်းပေးဖို့တော့လိုအပ်ပါတယ်။
File name: name.cmd
Save as type: All File (*.*)
Encoding: UTF-8
ဆိုပြီးသိမ်းဖို့လိုအပ်ပါတယ်။ file name မှာ .cmd အဆုံးသတ်ဖို့အတွက် save as type မှာ all file ဖြစ်နေတာ ကောင်းပါတယ်။ အကယ်လို့သာ all file မဟုတ်ဘူးဆိုရင်တော့ file က .txt extenstion နဲ့ သိမ်းသွားနိုင်တာကြောင့်ပါ။ Encoding မှာတော့ မြန်မာစာပဲဖြစ်ဖြစ် unicode symbol တစ်ခုခုပါသွားရင် လေးထောင့်တုံးလေးနဲ့ ? လေးတွေဖြစ်နေတတတ်လို့ပါ။

သိမ်းပြီးသားဖိုင်နေရာကိုသွားပြီး Right Click > Run as Administrator ကိုနှိပ်ပေးရပါမယ်။ အားလုံးပြီးသွားအောင်စောင့်ပြီးတော့ အောက်က Result အတိုင်း ရလာမှာပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Windows မှာ ဘာ Activation Software ကိုမှ မသုံးပါပဲ Activation နည်းလမ်းတွေကို သိရပြီပဲဖြစ်ပါတယ်။ မနေ့က ရေးသားခဲ့တာကတော့ Windows ကို Activate လုပ်နည်းပါ အခုတော့ Office ပါ။ အဆင်မပြေတာများရှိရင် မေးမြန်းခဲ့နိုင်ပါတယ်။ 😘
Main Website: Install and activate Office 2019 for FREE legally using Volume license