Articles

Activate Windows 10 Pro Permanently

ဒီတစ်ခါကတော့ Windows 10 ကို ဘယ်လို Activate လုပ်ရမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။

Activate Windows 10 Pro Permanently

Facebook ရဲ့ Ads တွေ တော်တော်များများထဲမှာ Window Activation လုပ်ဖို့အတွက် Key တွေ ရောင်းတဲ့အခါမှာ Crack Version တွေ ဘာတွေကပဲ Virus ကိုက်တာလိုလို ဘာလိုလိုရေးထားတာတွေများသားဆိုတော့ ကိုယ်သုံးတဲ့ သက်တမ်းတလျှောက်တော့ ဘာဆိုဘာမှကိုမဖြစ်ခဲ့ဖူးသေးတော့ သူတို့ပြောတဲ့ Window Active က app တွေနဲ့များဖြစ်နေမလားပေါ့ …

Blog ရေးဖို့ Website လုပ်ထားတဲ့အတွက်ကတော့ နေ့တိုင်းရေးဖြစ်ဖို့တော့ ကြိုးစားရမှာပဲ။ ဒီကြားထဲ နေတဲ့နေရာမှာ မီးက ခဏခဏ ပျက်နေတော့ မီးပျက်တဲ့အကြောင်းတောင် ရေးရမလိုလိုဖြစ်နေပြီ xD အဆင်မပြေဘူး ဘေးဘီပေါ့။ ဒီနေ့ရေးပေးမှာကတော့ Windows 10 Pro ကို Crack Version သုံးကြမယ်ပေါ့။ မဝယ်နိုင်သေးတဲ့အချိန်မှာတော့ Crack သုံးရမှာပဲလေ။ မတတ်နိုင်ဘူး၊ ဝယ်နိုင်တဲ့နေ့မှပဲ ရှိသမျှ Version တွေအကုန် License ပတ်ဝယ်သုံးလိုက်တော့မယ်။ (ဒီလိုပြောတာကလဲ မင်းက နည်းပညာသမားဖြစ်ပြီး Paid သုံးမယ်မရှိဘူး ဘာဘူးနဲ့ လာပက်နေမှာမလို့ အာချောင်ကြည့်တာပါ ဟိဟိ 😁)

ကျွန်တော် Windows သုံးလာတာကြာပြီ သုံးတိုင်းလဲ အမျှလိုလို Update တွေလုပ်ခဲ့တာ၊ အခုဆိုရင် Windows 10 ထွက်ပြီးကတည်းက သုံးတာ ထွက်သမျှထဲ အကြိုက်ဆုံး Build တောင်ဖြစ်နေပြီ။ Update လုပ်ပြီး Security Patch လုပ်နိုင်တာ Windows တင်ပြီးပြီးချင်း Window Updater ကနေ Driver တွေ Install လုပ်နိုင်တာအပြင် အခြားသော ကောင်းကွက်များစွာကြောင့်လဲ ကြိုက်နေရတာလဲပါမယ်။ ဆိုတော့ ဒီနေ့ ရေးသားဖို့အတွက်ကတော့ Windows ကို စတင်ကတည်းက အဆင့်တွေ မပြောတော့ဘူး။ ဒါပေမယ့် Activation ဘယ်လိုလုပ်ရမယ်ဆိုတာကိုပဲ ပြောသွားပါတော့မယ်။

ပထမဆုံး Window တင်လိုက်ရင် ကျွန်တော်တို့ကို Installation Key တောင်းပါတယ်။ ထုံးစံအတိုင်း Google မှာပဲ Windows 10 Pro Installation Key ဆိုပြီးပဲရိုက်ရှာလိုက်ပါတယ်။ Google Search Engine ရဲ့ကောင်းတဲ့အချက်တွေကြောင့်ပဲ Installation Key ကိုချက်ခြင်းကျလာတာကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီမှာ Pro Key နဲ့ Pro N တွေအပြင်အခြားသော arch တွေအတွက်ရှိပါတယ်။ ကျွန်တော်ကတော့ များသောအားဖြင့် Pro ကိုသုံးတာများပါတယ်။ ကျန်တာတွေက ဘာမှန်းသေချာမသိတာရယ် Pro ပဲအဆင်ပြေမယ်ထင်တာရယ်ကြောင့် Pro ပဲ သုံးဖြစ်ပါတယ်။ ရှာတဲ့အခါမှာတော့ အောက်က Key ကိုရပါတယ်။

cmd
VK7JG-NPHTM-C97JM-9MPGT-3V66T

ရလာတဲ့ Key ကို တစ်ခါတည်းရိုက်ထည့်ပြီး နောက်ထပ် Process တွေကို ဆက်လုပ်သွားလိုက်ရင်တော့ Installation အဆင့်တွေကိုလုပ်ဆောင်သွားနိုင်မှာပါ။ အဲ့ဒီအဆင့်နဲ့ကို Pro Version ကိုဖြစ်သွားနိုင်ပေမယ့်။ မဖြစ်သေးတဲ့လူတွေ တင်ထားပြီးသားလူတွေအတွက်ကတော့ ကျွန်တော်ပြောတဲ့ Process လေးအတိုင်းဆိုရင် အဆင်ပြေနိုင်ပါပြီ။

Windows 10 Pro : W269N-WFGWX-YVC9B-4J6C9-T83GX

Windows 10 Pro N : MH37W-N47XK-V7XM9-C7227-GCQG9

Key ကတော့ နှစ်ခုကိုရှာတွေ့ထားပါတယ်။ ကြိုက်တာကို သုံးလို့ရပါတယ်။ ဒီ Tutorail မှာတော့ Pro နဲ့ပဲပြသွားပါ့မယ်။

အရင်ဦးဆုံး ကျွန်တော်တို့လုပ်ရမှာကတော့ Command Prompt ကို Administrator Role နဲ့ ဖွင့်ဖို့လိုပါတယ်။ ဖွင့်ပြီးသွားရင်တော့ အောက်က Process လေးတွေ ဆက်လုပ်သွားရပါမယ်။ အင်တာနက် ကွန်နက်ရှင်တော့ ရှိဖို့လိုအပ်ပါတယ်။ Command Prompt ကိုဖွင့်ပြီးသွားရင်တော့ အောက် ကအကြောင်းတွေ တစ်ကြောင်းချင်း copy ကူးထည့်ဖို့တော့လိုအပ်ပါတယ်။

cmd
cscript slmgr.vbs /ipk W269N-WFGWX-YVC9B-4J6C9-T83GX

Installed product key W269N-WFGWX-YVC9B-4J6C9-T83GX ဆိုပြီးပေါ်လာပါလိမ့်မယ်

cmd
cscript slmgr.vbs /skms kms.lotro.cc

Key Management Service machine name set to kms.lotro.cc successfully. ဆိုပြီးပေါ်လာပါလိမ့်မယ်။ အကယ်လို့သာ အင်တာနက်လိုင်းမကောင်းဘူးဆိုရင်တော့ ဒီအဆင့်မှာတစ်နေတတ်ပါတယ်။ အပေါ်က command line ကို ပြန်ရိုက်ပေးဖို့တော့လိုအပ်ပါတယ်။

cmd
cscript slmgr.vbs /ato

Product activated successfully. ဆိုပြီးပေါ်လာရင်တော့ ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်တာပဲဖြစ်ဖြစ် ဒေါင့်မှာရှိတဲ့ Activate Window ဆိုတဲ့ စာသားလေး ပျောက်သွားရင်တော့ Activation Step လေးကို အဆင်ပြေပြေလုပ်ပြီးသွားပြီပဲဖြစ်ပါတယ်။ မရှင်းတဲ့လူတွေအတွက်ကတော့ အောက်မှာ ပုံလေး ပြပေးထားပါတယ်။

Activate Windows 10 Pro Permanently

Source: techtutorialsarena.blogspot.com

အဆင်မပြေမှု တစ်စုံတရာရှိရင် Comment မှာ မေးမြန်းနိုင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။